Computer Program တွေကဘယ်လိုအလုပ်လုပ်လဲ? install လုပ်တယ်ဆိုတာဘာလဲ

March 24, 2025

Computer program ဒါမှမဟုတ် phone application တစ်ခုကို install လုပ်တယ်ဆိုတာ ထွေထွေထူးထူးမဟုတ်ပါဘူး။
Storage ထဲကို application ရဲ့ files တွေကူးထည့်လိုက်တာပဲဖြစ်တယ်။

Program ကို launch လုပ်တဲ့အခါ (ဖုန်း app ကို run လိုက်တာဖြစ်ဖြစ် computer program ကို click လိုက်တာဖြစ်ဖြစ်)
installed လုပ်ထားတဲ့ binary code (compiled code) တွေကို Random Access Memory (RAM) ထဲကိုကူးထည့်လိုက်ပါတယ်။

သီအိုရီအရ ဆိုရင် CPU က installed လုပ်ထားတဲ့ files တွေကို အသုံးပြုသူက ညွှန်ကြားတဲ့အတိုင်း (button ကိုနှိပ်လိုက်တယ်၊ drag ဆွဲတယ်၊ delete လုပ်တယ် စသဖြင့်) သွားဖတ်ပြီး အလုပ်လုပ်ပါတယ်။
ဒါပေမယ့် storage တွေက မီလီစက္ကန့် လောက်မြန်အောင် အများကြီးလိုက်မလုပ်နိုင်ပါဘူး။
အဲ့ဒါကြောင့် RAM ဆိုတာကို အသုံးပြုတာပါ။

အဲ့ဒါကြောင့် instructions များများလိုတဲ့ application/program တွေက RAM များများလိုတာပါ။
အထူးသဖြင့် Games တွေနဲ့ 3D softwares တွေ။


Summary:

  • Install လုပ်တယ်ဆိုတာ storage ထဲကို files တွေထည့်တာ
  • Run လုပ်တဲ့အခါ RAM ထဲကို binary code တွေတင်ပြီး CPU က အလုပ်လုပ်တယ်
  • RAM မရှိရင် program တွေမြန်မြန်မအလုပ်လုပ်နိုင်ပါဘူး

Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin